WA Notify ကိုယ်ရေးကိုယ်တာဆိုင်ရာ မူ၀ါဒ

ဤ ကိုယ်ရေးကိုယ်တာ မူဝါဒသည် ဝါရှင်တန်ပြည်နယ် အတွက် တရားဝင် ထိတွေ့မိမှု အကြောင်းကြားစာ နည်းပညာဖြစ်သော WA Notify (ဒဗျူလူအေ အကြောင်းကြားစာ) အတွက်အကျုံးဝင်ပါသည်။ WA Notify ကို ဝါရှင်တန်ပြည်နယ် Department of Health (DOH, ကျန်းမာရေးဌာန) ၏ အမျှော်အမြင် နှင့် အားထုတ်မှုတို့ဖြင့် ဖန်တီးထားခဲ့ပါသည်။

ကျွနု်ပ်တို့ ဘယ်အချက်အလက်တွေကို စုဆောင်းပြီး အသုံးပြုပါသလဲ။

WA Notify ထဲမှ အောက်ပါ အချက်အလက်များကို ကောက်ခံခံရနိုင်ပါသည်။

  • WA Notify ကို ဒေါင်းလုပ်ဒ်လုပ်ခြင်း သို့မဟုတ် ဖွင့်ခြင်း။
  • ထိတွေ့မိမှု အကြောင်းကြားစာတစ်ခုကို လက်ခံရရှိခြင်း။
  • အတည်ပြုကုဒ် သို့မဟုတ် အတည်ပြုလင့်ခ်တစ်ခုကို တင်ပြခြင်း။
  • အခြားသူများကို အကြောင်းကြားရာတွင်သုံးရန် ရွေးချယ်ထားသော ပေါစတစ် အသုံးပြုသူများအတွက် ကျပန်းကုဒ်များကို လိုင်းပေါ်တင်ခြင်း။

ဝါရှင်တန်ပြည်နယ် Department of Health (DOH, ကျန်းမာရေးဌာန) သည် WA Notify ကို ဘယ်လိုအသုံးပြုကြသလဲကို သိရှိအောင် အထက်ပါ ဖြစ်ရပ် အချက်အလက်များကို အသုံးပြုပါသည်။ ယင်းအချက်အလက်ကို DOH ၊ ပြည့်သူကျန်းမာရေးအာဏာပိုင်များ သို့မဟုတ် အခွင့်အာဏာရှိသော ကျန်းမာရေးအာဏာပိုင်များအား မျှဝေခံရနိုင်ပါသည်။ ယင်းတို့ကို စာရင်းအင်း သို့မဟုတ် သိပ္ပံနည်းကျ သုတေသန ရည်ရွယ်ချက်အတွက် စုပေါင်းပုံစံတစ်ခုအနေဖြင့်လည်း အသုံးပြုခံရနိုင်ပါသည်။ ယင်းအချက်အလက်တွင် မည်သည့် WA Notify အသုံးပြုသူကိုမဆို ဖော်ပြသော အချက်အလက် သို့မဟုတ် ကိုယ်ရေးကိုယ်တာ သို့မဟုတ် တည်နေရာအချက်အလက်များ မပါဝင်ပါ။

Google နှင့် Apple တို့၏ ရည်ရွယ်ချက်ကို ချိန်ညှိပြီး WA Notify သည် အသုံးပြုသူများ၏ ကိုယ်ရေးကိုယ်တာကို ထိပ်ဆုံးဉီးစားပေးထားပြီး ကာကွယ်ပေးရန် ဒီဇိုင်းထုတ်ထားပါသည်။ WA Notify သည် ယင်းဒေတာအစိတ်အပိုင်းများကို ဖန်တီးပေးကာ သင်ကို ဖော်ထုတ်နိုင်မည့် ဒေတာများ မပါဝင်ပါ-

ကျပန်းကုဒ်များ

  • WA Notify အသုံးပြုသူများ အချင်းချင်း အနီးအနားတွင်ရှိနေချိန်တွင် စမတ်ဖုန်းများကြား ဘလူးတုခ့်ဖြင့် ကျပန်းကုဒ်များကို ဖလှယ်ကြပါသည်။
  • ကျပန်းကုဒ်များကို သင့်စမတ်ဖုန်းကသာ ဖန်တီးခြင်း သိမ်းဆည်းခြင်းများကုိပြုလုပ်ခြင်းဖြစ်ပြီး WA Notify က မပြုလုပ်ပါ။
  • WA Notify နှင့် သင့် စမတ်ဖုန်းတို့အား ကိုဗစ်-19 ထိတွေ့မှု ရှိနိုင်မှုများကို စစ်ဆေးနိုင်ရန်အတွက် ကျပန်းကုဒ်များကို အသုံးပြုပါသည်။
  • ကျပန်းကုဒ်များကို အများဆုံး ရက် 14 အထိသာ သိမ်းဆည်းထားပါမည်။

အတည်ပြုကုဒ်များ နှင့် လင့်ခ်များ

  • သင့်တွင် ကိုဗစ်-19 ပိုးစစ်ဆေးတွေ့ရှိပြီး သင့် ဒေသန္တရပြည်သူ့ကျန်းမာရေးမှ လူများ သင့်ထံရောက်လာလျှင် WA Notify ကို အသုံးပြုနေခြင်းရှိမရှိကို သူတို့က မေးမြန်းပါလိမ့်မည်။ သင်အသုံးပြုနေလျှင် သူတို့က WA Notify ထဲသို့ ရိုက်သွင်းရန် အတည်ပြုကုဒ် သို့မဟုတ် လင်ခ့်တစ်ခုကို ထုတ်ပေးပါလိမ့်မည်။
  • DOH ကလည်း ပေါ်လာသည့် အကြောင်းကြားစာ တစ်ခု နှင့်/သို့မဟုတ် အတည်ပြုလင့်ခ်ပါသော စာသားမက်ဆေ့ချ်တစ်ခုကို လတ်တလောကမှ ကိုဗစ်-19 ပိုး စစ်ဆေးတွေ့ရှိသောသူတိုင်းကို ပေးပို့ပေးလိမ့်မည် ဖြစ်ပြီး WA Notify အသုံးပြုသူများအနေဖြင့် အခြားအသုံးပြုသူများကို ထိတွေ့မိနိုင်မှုကို မြန်မြန်ဆန်ဆန် လျို့ဝှက်စွာ သတိပေးနိုင်မည် ဖြစ်ပါသည်။
    • အကြောင်းကြားစာပေါ်တွင် တို့လိုက်ခြင်း သို့မဟုတ် သင့် အတည်ပြုလင့်ခ်ပေါ်တွင် ကလစ်လုပ်ခြင်းဖြင့် သင့်ကျပန်းကုဒ်များကို မျှဝေလိုက်မည်ဖြစ်၍ အခြား သင့်အနီးအနားတွင်ရှိခဲ့ဖူးသော WA Notify အသုံးပြုသူများအား သူတို့ထိတွေ့မိခဲ့နိုင်ကြောင်း မည်သူမျှမသိစေဘဲ သတိပေးနိုင်ပါလိမ့်မည်။
    • DOH သည် မည်သူက WA Notify ကို အသုံးပြုမပြုကို မသိသဖြင့် ကိုဗစ်-19 ပိုး စစ်ဆေးတွေ့ရှိသူတိုင်းအား အတည်ပြုလင့်ခ်တစ်ခု ပါသော စာသားမက်ဆေ့ချ်တစ်ခု ကို ပေးပါပေးပါသည်။ သင်သည် WA Notify ကို အသုံးမပြုပါက စာသားမက်ဆေ့ချ်ကို လျစ်လျူရှု့ထားနိုင်ပါသည်။
    • အကြောင်းကြားစာ ပေါ်တွင် တို့လိုက် သို့မဟုတ် အတည်ပြုလင့်ခ်ပေါ်တွင် ကလစ်လုပ်လိုက်ပြီး အခြား WA Notify အသုံးပြုသူများကို မည်သူမျှမသိစေဘဲ အကြောင်းကြားမကြားကို သင်ကသာ ဆုံးဖြတ်ရပါမည်။

အသုံးပြု စာရင်းများ

  • အခြား အက်ပ်စ် သို့မဟုတ် အင်တာနက် ၀န်ဆောင်မှုများကဲ့သို့ပင် WA Notify သည်လည်း ၀န်ဆောင်မှုကို အသုံးပြုချိန်တွင် စာရင်းများကို အလိုအလောက် ပြစုလိမ့်မည် ဖြစ်ပါသည်။ ၄င်း စာရင်းများထဲတွင် သင်စမတ်ဖုန်းအကြောင်း အချက်အလက်များ ပါပါလိမ့်မည်။ ၄င်းအချက်အလက်များအား WA Notify နှင့်ပတ်သက်သည့် ကိစ္စရပ်များကို ဖြေရှင်းရန် အသုံးပြုပါမည်။
  • ယင်းစာရင်းများတွင် ကျပန်ကုဒ်များ သို့မဟုတ် အတည်ပြုလင့်ခ်များ သို့မဟုတ် ကုဒ်များ မပါဝင်ဘဲ သင် သို့မဟုတ် သင့်စမတ်ဖုန်းနှင့်ပြန်ပြီး ချည်နှောင်ကာ အသုံးပြုနိုင်လိမ့်မည် မဟုတ်ပါ။
  • ၄င်းစာရင်းများကို ပြုစုပြီးေနာက် 14 ရက်အတွင်း အလိုအလျောက် ဖျက်ပစ်သွားမည် ဖြစ်ပါသည်။

အချက်အလက် ခွဲခြားစိတ်ဖြာခြင်း

  • သင်သည် ထပ်ဆောင်းခွဲခြမ်းစိတ်ဖြာမှုကို ဖွင့်ထားရန် ရွေးချယ်ခဲ့ပါက အက်ပ်စ်ကို ပိုကောင်းအောင် မွမ်းမံရာတွင် DOH ကို ကူညီပေးနိုင်ရန် စုဆောင်းဒေတာအချက်အလက်တစ်ချို့ကို DOH နှင့် မျှဝေပါလိမ့်မည်။
  • ၄င်းအချက်အလက်များတွင် အက်ပ်စ်ကို အသုံးပြုသည့်ပုံစံအကြောင်း စာရင်းအင်းများ ပါ၀င်ပါသည်။ သင်ဘယ်သူဘယ်၀ါဖြစ်ကြောင်း ဖော်ထုတ်နိုင်သည့် အချက်အလက်များ မပါ၀င်ပါ။
  • အက်ပ်စ်အတွင်းရှိ ခွဲခြမ်းစိတ်ဖြာခြင်းကို ပိတ်ထားခြင်းဖြင့် ၄င်းအချက်အလက်များကို မဖလှယ်နိုင်စေရန် ပြုလုပ်ထားနိုင်ပါသည်။

ဒီဇိုင်းအားဖြင့် WA Notify သည် သင့်စမတ်ဖုန်းထံမှ မည်သည့် တည်နေရာအချက်အလက် နှင့် သင် သို့မဟုတ် သင့်စမတ်ဖုန်းကို ကျပန်းကုဒ် သို့မဟုတ် အတည်ပြုကုဒ်များနှင့် ချိတ်ဆက်ထားသည့် မည်သည့်အချက်အလက်ကိုမျှ စုဆောင်း ဖလှယ်လိမ့်မည်မဟုတ်ပါ။

သင်သည် အတည်ပြုကုဒ်တစ်ခုကို တောင်းဆိုပါက ဘာဖြစ်မလဲ။

ဆိုင်တွင်ဝယ်လို့ရသည့် အိမ်တွင် ကိုဗစ်-19 စစ်ဆေးမှုဖြင့်စစ်ဆေးပြီး ပိုးတွေ့ရှိသော WA Notify အသုံးပြုသူတစ်ယောက်သည် အခြား WA Notify အသုံးပြုသူများအား ထိတွေ့မိခဲ့နိုင်ကြောင်း မည်သူမျှမသိစေဘဲ အကြောင်းကြားရန် WA Notify ထဲတွင် အတည်ပြုကုဒ်တစ်ခုကို တောင်းဆိုနိုင်ပါသည်။ အတည်ပြုကုဒ်တစ်ခုကို တောင်းဆိုရန်အတွက WA Notify အသုံးပြုသူများသည် ပိုးစစ်ဆေးတွေ့ရှိထားသည့် ရက်စွဲ နှင့် ၎င်းတို့၏ လက်ကိုင်ဖုန်းနံပါတ်များကို မဖြစ်မနေ ရိုက်ထည့်ပေးရပါမည်။ အခြား WA Notify အသုံးပြုသူများအား ထိတွေ့မိခဲ့နိုင်ကြောင်း မည်သူမျှမသိစေဘဲ အကြောင်းကြားရန်အသုံးပြုမည့် ဖုန်းသည် အတည်ပြုကုဒ် သို့မဟုတ် အတည်ပြုလင့်ခ်ကို ရိုက်ထည့်ပြီး ကုဒ်တောင်းဆိုရာတွင် အသုံးပြုခဲ့သည့် ဖုန်းတို့သည် တစ်လုံးတည်းဖြစ်ရပါမည်။

စစ်ဆေးမှုတစ်ခုထဲဖြင့် ထပ်တလဲလဲ အစီရင်ခံခြင်းကို ကာကွယ်ရန် WA Notify သည် ကုဒ်ကို တောင်းဆိုရာတွင် အသုံးပြုခဲ့သော ဖုန်းနံပါတ် ၏ ခရစ်တိုဂရပ်ဖ်နည်းဖြင့် ကာကွယ်ထားသော ဗားရှင်းကို ရက် 90 အထိ ယာယီ သိုလှောင်ထားပါလိမ့်မည်။ ယင်းအချက်အလက်တွင် မည်သည့် WA Notify အသုံးပြုသူကိုမဆို ဖော်ပြသော အချက်အလက် သို့မဟုတ် ကိုယ်ရေးကိုယ်တာ သို့မဟုတ် တည်နေရာအချက်အလက်များ ပါဝင်လိမ့်မည် မဟုတ်ပါ။

သင့်အချက်အလက်ကို မည်သည့်အချိန်တွင် ဖလှယ်မည်နည်း။

သင်သည် အတည်ပြုကုဒ် တစ်ခုကို ရိုက်ထည့်ရန် သို့မဟုတ် အတည်ပြုလင့်ခ်တစ်ခုပေါ်တွင် ကလစ်လုပ်ရန် ရွေးချယ်ခဲ့ခြင်းမှလွဲပြီး ကျွန်ုပ်တို့သည် သင်အချက်အလက်များကို တမင်စုဆောင်းခြင်းသို့မဟုတ် အခြားသူများကို မျှဝေခြင်းများကို ပြုလုပ်လိမ့်မည် မဟုတ်ပါ။ ယင်းသို့ပြုလုပ်ရန် သင်ရွေးချယ်ခဲ့ပါပါက WA Notify က သင့်စမတ်ဖုန်းနှင့် အနီးအနားတွင် ရှိခဲ့ေသာ စမတ်ဖုန်းများနှင့် ဖလှယ်ခဲ့သော သင့် ကျပန်းကုဒ်များကို ဖလှယ်လိမ့်မည် ဖြစ်ပါသည်။ သင့်စမတ်ဖုန်းကို အသုံးပြုခွင့်မရှိသည့် သူတစ်ယောက်က အတည်ပြုကုဒ် သို့မဟုတ် လင့်ခ်ဖြင့် သင်ထံသို့ ပြန်လည် ချိတ်ဆက်နိုင်လိမ့်မည်မဟုတ်ပါ။ WA Notify တွင် စုဆောင်းသော အသုံးပြုသော အချက်အလက်များအကြောင်းကို ပိုမိုလေ့လာရန် ဤစာမျက်နှာ၏ ထိပ်တွင်ရှိသော "ဘယ်အချက်အလက်တွေကို ကျွန်ုပ်တို့ စုဆောင်းပြီး အသုံးပြုသလဲ။ ကဏ္ဍ" တွင် လေ့လာပါ။

သင့်အချက်အလက်များကို ကျွနု်ပ်တို့ ဘယ်လိုကာကွယ်ပေးထားသလဲ။

WA Notify သည် အချက်အလက်များကို ကုဒ်ဖွဲခြင်း နှင့် ပေးပို့ခြင်းတို့နှင့်ပတ်သက်သည့် အသေးစိတ် ဖော်ပြချက်များ ပါဝင်သည့် Google နှင့် Apple တို့၏ ထိတွေ့မိမှု အကြောင်းကြားစာ မူဘောင်ကိုသုံးပြီး ကျပန်းကုဒ်များကို အကာအကွယ်ပေးပါသည်။ WA Notify သည် သင့် ကျပန်းကုဒ်များကို မသိမ်းဆည်းထားပါ သို့မဟုတ် မဖန်တီးပါ - သင့်စမတ်ဖုန်းကသာ ၄င်းတို့ကို လုပ်ဆောင်ပါသည်။

သင့်အချက်အလက်နှင့်ပတ်သက်သည့် သင့်အခွင့်အရေး

အတည်ပြုကုဒ်များ နှင့် အက်ပလီကေးရှင်းစာရင်းများကို သင့်စမတ်ဖုန်းကို သုံးခွင့်မရှိဘဲ ပြန်ဆက်စပ်လို့မရသောကြောင့် DOH သည်လည်း ယင်းအချက်အလက်ကို မည်သည့်နည်းနှင့်မျှ သိနိုင်လိမ့်မည် မဟုတ်ပါ။ ယင်းအတွက်ကြောင့် သင်တောင်းဆိုလျှင်တောင်မှ DOH အနေဖြင့် ဤအချက်အလက်ကို ထုတ်ပေးခြင်း သို့မဟုတ် ဖျက်ပစ်ခြင်းတို့ကို လုပ်ဆောင်ပေးနိုင်လိမ့်မည် မဟုတ်ပါ။ WA Notify အား အသုံးပြုမှုကို သင်ကသာ ထိန်းချုပ်နိုင်ပါသည်။ ထိတွေ့မှုအကြောင်းကြားစာ ကို ပိတ်ထားခြင်း၊ သင့်စမတ်ဖုန်းထဲမှ သိမ်းဆည်းထားသော ထိတွေ့မှုစာရင်းကို ဖျက်ပစ်ခြင်း တို့ကို မည်သည့်အချိန်တွင်မဆို သင်စမတ်ဖုန်းမှပင် လုပ်ဆောင်နိုင်ပါသည်။ ထို့အပြင် WA Notify ကို အချိန်မရွေး ဖြုတ်ချလို့လည်းရပါသည်။ ဖြုတ်ချလိုက်ပါက ကျပန်းကုဒ်အားလုံး ပျက်သွားလိမ့်မည် ဖြစ်ပါသည်။